You are currently viewing ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Fuji san (富士山)

ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Fuji san (富士山)

  • Post last modified:July 11, 2023
🗻

အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်!

ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Fuji san (富士山)🗻အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်!

ဂျပန်နိုင်ငံလို့ပြောလိုက်တာနဲ့ လူအများရဲ့စိတ်ထဲမှာအရင်ဆုံးတွေးမိကြမှာကတော့ သေချာပေါက် Fuji တောင်ကြီးဘဲဖြစ်မယ်လို့ထင်မိပါတယ်။

ကဲအဲ့ဒါဆိုရင်တော့Fujiတောင်ကြီးအကြောင်းကို ပြောပြပေးသွားပါမယ်။

🗻ပထမဆုံးအနေနဲ့ Fuji တောင်ကြီးဟာ Honshu ကျွန်း အလယ်ရဲ့ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းအနီးနားက Yamanashi မြို့ နဲ့ Shizuoka မြို့အနီး Tokyo-Yokohama Metropolitan area ရဲ့ အနောက်ဘက်မိုင် 60 အကွာမှာတည်ရှိပါတယ်

🗻Fuji တောင်ကြီးဟာဆိုရင် မီးတောင်ကြီးတခုဘဲဖြစ်ပါတယ်။1707 ခုနှစ်လောက်မှာ Fuji မီးတောင်ကြီးဟာနောက်ဆုံးပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

🗻Fuji မီးတောင်ကြီးကိုလူအများပြောကြတာကတော့ မြေငလျှင်တွေကြောင့်မီးတောင်ကြီးဖြစ်လာတယ်လို့သိရပါတယ်။ဒါပေမယ့်တကယ့်အမှန်တရားကတော့ပိုပြီးရှုပ်ထွေးလိမ့်မယ်လို့ထင်ပါတယ်။ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေကတော့Fujiတောင်ကြီးဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း 2.6 Million လောက်ကထဲက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းယူဆထားကြပါတယ်။

Fujiတောင်ကြီးဟာဆိုရင်တော့ အမြင့်ပေ 12,388ပေနဲ့ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ကြီးတခုဘဲဖြစ်ပါတယ်။

🗻Fuji တောင်ကို ယခင်ကမြင့်မြတ်သောတောင်တခုအဖြစ်ကိုးကွယ်ပြီး အမျိုးသမီးများကိုတက်ရောက်ခွင့်မပြုခဲ့ကြပါဘူး။ ယနေ့ခေတ်မှာတော့ အမျိုးသမီးများပါတက်ရောက်နိုင်ပြီဖြစ်ပါတယ်။ Fujiတောင်ကြီးကိုတိုင်းပြည်ရဲ့ မြင့်မြတ်တဲ့နေရာတခုဖြစ်တယ်လို့ယူဆကြပြီး တောင်ကြီးရဲ့ဘေးပတ်လည်နဲ့ တောင်အပေါ်မှာဆိုရင်တော့ Temples တွေနဲ့ Shrines တွေတည်ရှိပါတယ်။

🗻Fuji တောင်ကြီးဟာဆိုရင်တော့ကမ္ဘာ့အသိအမှတ်ပြုအထင်ကရနေရာတခုဆိုရင်လည်းမမှားပါဘူး။

Fuji တောင်ကို 2013 ခုနှစ် ဇွန်လ 22 ရက်နေ့မှာ ယူနက်စကိုအဖွဲ့မှ ကမ္ဘာ့ အမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

🗻Fuji တောင်ရဲ့ အလှအပတွေကိုကြည့်ရှုဖို့အတွက်ဆိုရင်တော့ Tokyo မြို့မှ Oosaka မြို့သို့ ကျည်ဆန်ရထားဖြင့်သွားနိုင်ပါတယ်။

🗻Fujiတောင်ကြီးဟာဆိုရင် အဝေးကကြည့်ရုံတောင် ရင်သပ်ရှုမောဖွယ် အလှတရားများနဲ့ပြည့်စုံနေပြီး အနီးကပ်သွားရောက်လေ့လာမယ်ဆိုရင်တော့ လှပတဲ့မြင်ကွင်းတွေကို ကိုယ်တိုင်ကိုယ်ကျခံစားနိုင်မှာဘဲဖြစ်ပါတယ်။

အဲ့ဒါကြောင့်ဘဲ Fuji San ဟာ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားစရာအကောင်းဆုံး သာယာလှပမှုတွေနဲ့ပြည့်စုံနေတဲ့ ဂျပန်နိုင်ငံရဲ့လည်ပတ်စရာတခုဖြစ်နေပါတော့တယ်။

Minnasan တို့လည်းဂျပန်နိုင်ငံရောက်ရင် Fuji တောင်ကြီးကိုရောက်အောင်သွားလည်ကြပါ။ T~T

#富士山

#mountfuji

#SpringJapaneseLanguageCenter