အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်!
ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Fuji san (富士山)အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်!
ဂျပန်နိုင်ငံလို့ပြောလိုက်တာနဲ့ လူအများရဲ့စိတ်ထဲမှာအရင်ဆုံးတွေးမိကြမှာကတော့ သေချာပေါက် Fuji တောင်ကြီးဘဲဖြစ်မယ်လို့ထင်မိပါတယ်။
ကဲအဲ့ဒါဆိုရင်တော့Fujiတောင်ကြီးအကြောင်းကို ပြောပြပေးသွားပါမယ်။
ပထမဆုံးအနေနဲ့ Fuji တောင်ကြီးဟာ Honshu ကျွန်း အလယ်ရဲ့ ပစိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်းအနီးနားက Yamanashi မြို့ နဲ့ Shizuoka မြို့အနီး Tokyo-Yokohama Metropolitan area ရဲ့ အနောက်ဘက်မိုင် 60 အကွာမှာတည်ရှိပါတယ်
Fuji တောင်ကြီးဟာဆိုရင် မီးတောင်ကြီးတခုဘဲဖြစ်ပါတယ်။1707 ခုနှစ်လောက်မှာ Fuji မီးတောင်ကြီးဟာနောက်ဆုံးပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။
Fuji မီးတောင်ကြီးကိုလူအများပြောကြတာကတော့ မြေငလျှင်တွေကြောင့်မီးတောင်ကြီးဖြစ်လာတယ်လို့သိရပါတယ်။ဒါပေမယ့်တကယ့်အမှန်တရားကတော့ပိုပြီးရှုပ်ထွေးလိမ့်မယ်လို့ထင်ပါတယ်။ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေကတော့Fujiတောင်ကြီးဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း 2.6 Million လောက်ကထဲက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းယူဆထားကြပါတယ်။
Fujiတောင်ကြီးဟာဆိုရင်တော့ အမြင့်ပေ 12,388ပေနဲ့ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးတောင်ကြီးတခုဘဲဖြစ်ပါတယ်။
Fuji တောင်ကို ယခင်ကမြင့်မြတ်သောတောင်တခုအဖြစ်ကိုးကွယ်ပြီး အမျိုးသမီးများကိုတက်ရောက်ခွင့်မပြုခဲ့ကြပါဘူး။ ယနေ့ခေတ်မှာတော့ အမျိုးသမီးများပါတက်ရောက်နိုင်ပြီဖြစ်ပါတယ်။ Fujiတောင်ကြီးကိုတိုင်းပြည်ရဲ့ မြင့်မြတ်တဲ့နေရာတခုဖြစ်တယ်လို့ယူဆကြပြီး တောင်ကြီးရဲ့ဘေးပတ်လည်နဲ့ တောင်အပေါ်မှာဆိုရင်တော့ Temples တွေနဲ့ Shrines တွေတည်ရှိပါတယ်။
Fuji တောင်ကြီးဟာဆိုရင်တော့ကမ္ဘာ့အသိအမှတ်ပြုအထင်ကရနေရာတခုဆိုရင်လည်းမမှားပါဘူး။
Fuji တောင်ကို 2013 ခုနှစ် ဇွန်လ 22 ရက်နေ့မှာ ယူနက်စကိုအဖွဲ့မှ ကမ္ဘာ့ အမွေအနှစ် နေရာတခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
Fuji တောင်ရဲ့ အလှအပတွေကိုကြည့်ရှုဖို့အတွက်ဆိုရင်တော့ Tokyo မြို့မှ Oosaka မြို့သို့ ကျည်ဆန်ရထားဖြင့်သွားနိုင်ပါတယ်။
Fujiတောင်ကြီးဟာဆိုရင် အဝေးကကြည့်ရုံတောင် ရင်သပ်ရှုမောဖွယ် အလှတရားများနဲ့ပြည့်စုံနေပြီး အနီးကပ်သွားရောက်လေ့လာမယ်ဆိုရင်တော့ လှပတဲ့မြင်ကွင်းတွေကို ကိုယ်တိုင်ကိုယ်ကျခံစားနိုင်မှာဘဲဖြစ်ပါတယ်။
အဲ့ဒါကြောင့်ဘဲ Fuji San ဟာ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားစရာအကောင်းဆုံး သာယာလှပမှုတွေနဲ့ပြည့်စုံနေတဲ့ ဂျပန်နိုင်ငံရဲ့လည်ပတ်စရာတခုဖြစ်နေပါတော့တယ်။
Minnasan တို့လည်းဂျပန်နိုင်ငံရောက်ရင် Fuji တောင်ကြီးကိုရောက်အောင်သွားလည်ကြပါ။ T~T